တိုင်းဒေသကြီး/ ပြည်နယ်များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

,

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁.၉.၂၀၂၃ ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများ  တက်ရောက်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က  လုပ်ငန်းများဆောင်ရွက်ရာတွင် မှားယွင်းမှုများအနည်းဆုံးဖြစ်စေရေးအတွက် တိတိကျကျဆောင်ရွက်ရန်နှင့် စာရင်းဇယားများမှန်ကန်မှုရှိစေရန် စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စာရင်းဇယားများမှန်ကန်မှုရှိမှသာ လုပ်ငန်းများကိုထိရောက်အောင်မြင်စွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တင်ပြသည့်အချက်အလက်များသည် မြေပြင်အခြေအနေအနီးစပ်ဆုံးနှင့် မှန်ကန်မှုရှိမှသာလျှင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို သုံးသပ်သိရှိနိုင်မည်ဖြစ်ကြောင်း၊ သုံးသပ်မှုမှန်ကန်မှသာ မှန်ကန်သောဆုံးဖြတ်ချက်များနှင့် မူဝါဒများကို ချမှတ်ရေးအတွက်အထောက်အကူပြုမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

     ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ကာ အစည်းအဝေးကို မွန်းလွဲ (၁၂း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။