ခရိုင်နှင့်မြို့နယ်တာဝန်ခံများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း (၁/၂၀၂၃) နှင့် ငွေစာရင်းဆိုင်ရာ မွမ်းမံသင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား

,

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊    စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏    ခရိုင်နှင့်မြို့နယ်တာဝန်ခံများ    လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး
မွမ်းမံသင်တန်း (၁/၂၀၂၃) နှင့်  ငွေစာရင်းဆိုင်ရာမွမ်းမံ  သင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့၊
နံနက် (၉:၀၀) နာရီအချိန်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သင်တန်းကျောင်း၌ကျင်းပ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ  စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ခရိုင်နှင့်မြို့နယ်တာဝန်ခံများ၏  စီမံကိန်းရေးဆွဲခြင်းနှင့်
အကောင်အထည်ဖော်မှုအစီရင်ခံစာပြုစုခြင်းတို့တွင် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးပြည့်ဝစေရေး၊ တွေ့ကြုံရသည့် အခက်အခဲများအား
ဖြေရှင်းရာတွင်   အထောက်အကူဖြစ်စေရေး၊ ကဏ္ဍဆိုင်ရာ   အတွေ့အကြုံနှင့် ဒေသဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ရေးနှင့်  နိုင်ငံတော်မှ
ဆောင်ရွက်နေသည့်   မူဝါဒများ၊   လုပ်ငန်းစဉ်များ နှင့် လူမှုစီးပွား    ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်   နိုင်ငံတော်မှ   ဆောင်ရွက်နေသည်များကို
သိရှိနိုင်ရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

     သင်တန်းဖွင့်ပွဲအခမ်းအနားတွင်      ညွှန်ကြားရေးမှူးချုပ်က      အဖွင့်အမှာစကား     ပြောကြားခဲ့ပြီး      ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊
ညွှန်ကြားရေးမှူးများနှင့်  သင်တန်းသား၊  သင်တန်းသူ စုစုပေါင်း  (၈၄) ဦး တက်ရောက်ကြပါသည်။