ငွေတိုက်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

နေပြည်တော်၊ မေ ၂၈

၂၈-၅-၂၀၂၅ ရက်နေ့၊  နံနက် (၁၀:၀၀) နာရီတွင် ရဲဘားတိုက် အဆောင်(၂)၌ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံအားပေးခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၅၁) ဦး တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများပျက်စီးခဲ့မှု၊  ရုံးလုပ်ငန်းများပုံမှန်ဆောင်ရွက်နိုင်ရန်အတွက် ယာယီရုံးခန်းများဖွင့်လှစ်ထားရှိမှု၊ ဝန်ထမ်းအိမ်ရာများတွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရန်တွက် နေရာချထားမှု၊ Container  House များဆောက်လုပ်ထားရှိမှုတို့အား ရှင်းလင်းပြောကြားခဲ့ပြီး၊ ယာယီရုံးခန်းများ ဖွင့်လှစ်ထားပြီးဖြစ်၍ ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းတာဝန်များ ဂရုစိုက်ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ လိုအပ်သည်များကို မှာကြားခဲ့ပြီး တွေ့ဆုံပွဲအား နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။