ငွေတိုက်ဦးစီးဌာန၏ (၁/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲအခမ်းအနား (၂၆-၁၂-၂၀၂၄)

ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကို ၂၆-၁၂-၂၀၂၅ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအင်အား စုစုပေါင်း (၁၃၉) ဦး တက်ရောက်ခဲ့ပါသည်။

ဝန်ထမ်းထုရှင်းလင်းဆွေးနွေးဆန္ဒဖော်ထုတ်ပွဲတွင် ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးက အဖွင့်အမှာစကားပြောကြားရာတွင် ငွေတိုက်ဦးစီးဌာန စတင်တည်ထောင်သည့် ၂၀၁၄ ခုနှစ်မှစ၍ (၁၀)နှစ် တာကာလအတွင်း ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးချွန်ဆု ရရှိခဲ့ကြမှုများ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကျင်းပခဲ့သည့် ဌာနတွင်းဆွေးနွေးပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာနှီးနှောဖလှယ်ပွဲများ၊ ဌာနတွင်းသင်တန်းဖွင့်လှစ် ဆောင်ရွက်ခဲ့မှုများ၊ ပြည်ပသို့ အစည်းအဝေး၊ သင်တန်းများသို့ စေလွှတ်ခဲ့သည့်အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများအနေဖြင့် မိမိအလုပ် အပေါ်ဂုဏ်ယူရန်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များအား တာဝန်ကျေပွန်ရုံဆောင်ရွက်ခြင်းမဟုတ် ဘဲ စေတနာထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ “စေတနာကောင်းလျှင် ကံကောင်းမည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အလုပ်ပေါ်ထားရှိသည့်စေတနာအရ ကံကောင်းကြမည်ဖြစ်ကြောင်း၊ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု ကင်းရှင်းရန်နှင့် တာဝန်ယူမှုတာဝန်ခံမှုရှိရန်လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းသည် လည်းကြိုးစားချင်စိတ်ရှိပြီး အမြဲမပြတ်လေ့လာကြရန်လိုအပ်ကြောင်း၊ ကြိုးစားမှုရလဒ်များအနေဖြင့်လည်း ပထမဦးဆုံးမိမိကိုယ်ကို အကျိုးခံစားရမည်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်မျှ ပြီးပြည့်စုံသည်ဆိုတာမရှိသည့်အတွက် အမြဲမပြတ်လေ့လာမှုများ ပြုလုပ်ကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူဖြူစိုးက အထက်ဌာနညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ (၁/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ဝန်ထမ်းထုရှင်းလင်းဆွေးနွေး ဆန္ဒဖော်ထုတ်ပွဲအား နိဂုံးချုပ်အမှာစကားပြောကြား၍ ရုပ်သိမ်းခဲ့ပါသည်။