နေပြည်တော်၊ ဒီဇင်ဘာ ၁၀
ငွေတိုက်ဦးစီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၃၄)၊ စုပေါင်းခန်းမကြီး၌ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း(၁၄၂) ဦး တက်ရောက်ခဲ့ကြပါသည်။
ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူစိုးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်၊ အဂတိလိုက်စားမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအားလည်းကောင်း၊ အဂတိလိုက်စားမှုပုံစံများအားလည်းကောင်း၊ အဂတိလိုက်စားမှုဖြစ်ပွားရသည့် အကြောင်းရင်းများအားလည်းကောင်း၊ အဂတိလိုက်စားမှု၏ သက်ရောက်မှုများအားလည်းကောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရမည့် နယ်ပယ်များအား လည်းကောင်း၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနည်းလမ်းများအားလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
အသိပညာပေးဆွေးနွေးရှင်းလင်းခဲ့သည့်အပေါ် တက်ရောက်လာသူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဝန်ထမ်းများသည် မိမိအား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုအသုံးပြု၍ တည်ဆဲဉပဒေ၊ နည်းဉပဒေများနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါကလည်း အဂတိကျူးလွန်သည့်ကိစ္စရပ်များ ဖြစ်ပေါ်နိုင်ပါသည်။ သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ကြေညက်စွာသိရှိနားလည်ရန် လိုအပ်ပြီး ယင်းတို့နှင့်အညီ ကျင့်ကြံနေထိုင်ရန် လိုအပ်ပါသည်။