အမျိုးသားစီမံကိန်းဝန်ကြီးဌာန
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
အသိပညာဖလှယ်ရေး (Knowledge Sharing) အစီအစဉ်
ကျင်းပပြုလုပ်ခြင်း
(နေပြည်တော်၊ ဩဂုတ်လ ၂၇ ရက်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျီနန်မြို့၊ Shandong University ၌ Master of Engineering Management (Project Management) သင်တန်းသို့ တက်ရောက်ခဲ့သည့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးမင်းစည်သူသည် ၎င်း၏ မဟာဘွဲ့သင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်မျှဝေသည့် အသိပညာဖလှယ်ရေး (Knowledge Sharing) အစီအစဉ်ကို ၂၇-၈-၂၀၂၅ ရက်နေ့ နံနက် (၁၀:၄၅) နာရီတွင် ရုံးအမှတ် (၃၂)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးမင်းစည်သူမှ မဟာဘွဲ့တက်ရောက်သင်ကြားခဲ့သည့် အတွေ့အကြုံများ၊ သင်ယူခဲ့သည့် ဘာသာရပ်များ၊ ဘွဲ့ယူစာတမ်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အသိပညာဖလှယ်ရေး (Knowledge Sharing) အစီအစဉ်သို့ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ကြပါသည်။