စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
စိစစ်ရေးမှူး-၂ ရာထူး(၁၀)နေရာအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း
စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၏ စိစစ်ရေးမှူး-၂ ရာထူး(၁၀)နေရာ အတွက် ရေးဖြေစာမေးပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
ဖြေဆိုမည့်နေရာ |
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂) |
ဖြေဆိုမည့် ရက်စွဲ/အချိန်/ဘာသာရပ် |
၁၃-၇-၂၀၂၄ ရက်နေ့(စနေနေ့) နံနက်(၈:၃၀)နာရီမှ (၁၀:၃၀)နာရီထိ (မြန်မာစာ) နေ့လယ်(၁၁:၃၀)နာရီမှ (၁၃:၃၀)နာရီထိ (အင်္ဂလိပ်စာ) ညနေ(၁၄:၃၀)နာရီမှ (၁၆:၃၀)နာရီထိ (အထွေထွေဗဟုသုတ) |
ဖြေဆိုခွင့်ရရှိသူများစာရင်း |
မှတ်ချက်။ |
(၁) |
ရေးဖြေစာမေးပွဲဖြေဆိုသူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများကို ၁၁-၇-၂၀၂၄ မှ ၁၂-၇-၂၀၂၄ ရက်နေ့အထိ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီး ဌာနတွင် ရုံးချိန်အတွင်း ကာယကံရှင်ကိုယ်တိုင်လာရောက် ထုတ်ယူပါရန်။ (သက်တမ်းရှိသော အလုပ်သမား မှတ်ပုံတင်ကတ် မူရင်း နှင့် ဘွဲ့လက်မှတ် မူရင်း တို့ကိုပါ တစ်ပါတည်းယူဆောင်လာရန်) |
|
(၂) |
ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူများအနေဖြင့် စာမေးပွဲလာရောက်ဖြေဆိုရာတွင် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ကတ်ပြား မူရင်း နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မူရင်း တို့ကို တစ်ပါတည်း ယူဆောင်လာပါရန်။ |
Attachment | Size |
---|---|
List-14.pdf | 79.24 KB |