စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
စိစစ်ရေးမှူး-၂ ရာထူး (၂၅)နေရာအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၏ စိစစ်ရေးမှူး-၂ ရာထူး(၂၅)နေရာ အတွက် ရေးဖြေစာမေးပွဲကို အောက်ပါအတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
ဖြေဆိုမည့်နေရာ |
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃၂)၊ အစည်းဝေးအခန်း(အောက်ထပ်)၊နေပြည်တော် |
ဖြေဆိုမည့်ရက်စွဲ/အချိန်/ ဘာသာရပ် |
၇-၁-၂၀၂၃ ရက်နေ့(စနေနေ့) နံနက်(၀၈:၃၀)နာရီမှ (၁၀:၃၀)နာရီထိ (မြန်မာစာ) နေ့လယ်(၁၁:၃၀)နာရီမှ (၁၃:၃၀)နာရီထိ (အင်္ဂလိပ်စာ) ညနေ(၁၄:၃၀)နာရီမှ (၁၆:၃၀)နာရီထိ (အထွေထွေဗဟုသုတ) |
ဖြေဆိုခွင့်ရရှိသူများစာရင်း |
PDF ဖိုင်အား အောက်တွင် ပူးတွဲ ဖော်ပြထားပါသည် |
မှတ်ချက်
(၁) ရေးဖြေစာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများကို ၅-၁- ၂၀၂၃ ရက်နေ့မှ ၆-၁-၂၀၂၃ ရက်နေ့အထိ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနတွင် ရုံးချိန်အတွင်း ကာယကံရှင်ကိုယ်တိုင် လာရောက် ထုတ်ယူပါရန်။ (သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်ကတ် မူရင်း နှင့် ဘွဲ့လက်မှတ် မူရင်း တို့ကို တစ်ပါတည်း ယူဆောင်လာရန်)
(၂) ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူများအနေဖြင့် စာမေးပွဲလာရောက်ဖြေဆိုရာတွင် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ကတ်ပြား မူရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း တို့ကို တစ်ပါတည်း ယူဆောင်လာပါရန်။
Attachment | Size |
---|---|
A-2 & Halper(all) by HRM.pdf | 295.97 KB |