၁။ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် လက်ဝယ်ရှိ မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် (၁၇)ခု ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ပါသည်။
၂။ ဝယ်ယူလိုသော Lot No တစ်ခုချင်းအလိုက် သီးခြားအဆိုပြုလွှာ တစ်စောင်စီ တင်သွင်း ရမည်၊ သတ်မှတ်စပေါ်ငွေ P.O Cheque (Payment Order Cheque)အား တင်ဒါတင်သွင်းလွှာ နှင့်အတူ ပူးတွဲတင်ပြရမည်။
၃။ |
တင်ဒါပုံစံရောင်းချမည့်ရက် |
- |
၁၄- ၅ -၂၀၁၈ ရက်နေ့မှ ၁၄ - ၆ -၂၀၁၈ ရက်နေ့အထိ |
|
နေရာ |
|
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး (စီမံကိန်းစိစစ်ရေး နှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော်) |
|
|
|
စပေါ်ငွေသွင်းရမည့် တန်ဖိုးကို အဆိုပြုလွှာဝယ်ယူ သည့်အခါတစ်ပါတည်း ဖော်ပြပေးပါမည်။ |
၄။ |
တင်ဒါတင်သွင်းရမည့်အစီအစဉ် |
||
|
P.O Cheque တင်ပြရမည့်ရက် |
- |
၁၈ - ၆ -၂၀၁၈၊ ၁၉ - ၆ -၂၀၁၈၊ ၂၀ - ၆ -၂၀၁၈၊ |
|
တင်ဒါတင်သွင်းရမည့်ရက် |
- |
၂၁ - ၆ -၂၀၁၈ |
|
|
- |
Lot No (၁) မှ (၁၇) အထိ နံနက်(၁၀)နာရီမှစ၍ အစဉ်လိုက်လက်ခံပါမည်။ |
|
နေရာ |
- |
ရုံးအမှတ် (၃၂)၊ နေပြည်တော် |
၅။ ဝယ်ယူလိုသည့် မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်တို့အား ကြော်ငြာသည့်နေ့ မှစ၍ သွားရောက် ကြည့်ရှုနိုင်ပါသည်။ ဝယ်ယူရန် အဆိုပြုလွှာ တင်သွင်းသည့် အချိန်တွင် ဝယ်ယူမည့် မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်အား ကြည့်ရှုစစ်ဆေးပြီး ဖြစ်ကြောင်း ဝန်ခံချက်ဖြင့် ပူးတွဲတင်ပြရပါမည်။
၆။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၆၃၃၉ နှင့် ၀၆၇-၄၀၆၁၈၅ တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ website http:// www.mopf.gov.mm တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ ရောင်းချမည့်မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်(၁၇)ခုအား ဤနေရာတွင် click၍ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။