စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာ၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်းဝန်ထမ်း (၁၉၂) ဦး တက်ရောက်ပါသည်။
အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ယခင်လတင်ပြချက်များ အပေါ်ဆောင်ရွက်ထားရှိမှုအခြေအနေကိုသုံးသပ်ပြီး ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင်သေသပ်စွာဖြင့် စနစ်တကျလုပ်ဆောင်ရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို ဖတ်ရှုလေ့လာထားရန်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်/အောက်မြန်မာပြည်)သင်တန်းများသို့ မိမိတို့ရာထူးအဆင့်အလိုက်တက်ရောက်ထားရန်နှင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီလုပ်ကိုင်ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ကဏ္ဍအသီးသီးရှိဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းထုန္ဒဖော်ထုတ်ပွဲကို နေ့လယ် ၁၄း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။