၂၀၂၄ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့တွင် ကျင်းပသော စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း ဝန်ထမ်းဦးရေ (၁၉၁)ဦး တက်ရောက်ကြပါသည်။

အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ကဏ္ဍအလိုက်တာဝန်ယူ ဆောင်ရွက်နေရသည့်လုပ်ငန်းများကို သေချာစိစစ်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများစွမ်းဆောင်မှုပြည့်ဝစေရန် လိုအပ်သောသင်တန်းများ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်သောကြောင့် ကြိုးစားတက်ရောက်ကြရန်၊ မိုးရာသီကာလဖြစ်သောကြာင့် ခြင်၊ ယင်များ မပေါက်ဖွားစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် စည်းကမ်းလိုက်နာဆောင်ရွက်နိုင်ရန်တို့ကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ကဏ္ဍအသီးသီးရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်  ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲကို မွန်းလွဲ (၁၃:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။