

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့၊
မွန်းလွဲ ၁၃း၀၀ နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ
ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်းဝန်ထမ်း (၁၃၆) ဦး တက်ရောက်ပါသည်။
အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေး တင်ပြချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကို
သုံးသပ်ပြီး ကဏ္ဍအသီးသီးရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ ထို့နောက်
ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်မှာကြားရာတွင် ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ အမှားအယွင်းကင်းပြီး ပြီးပြည့်စုံသောရုံးလုပ်ငန်းများဖြစ်စေရေး
အတွက် စနစ်တကျလုပ်ဆောင်ရန်၊ ဝန်ထမ်းများအနေဖြင့် ရုံးချိန်အတွင်း သတ်မှတ်ထားသော ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပုံစံဖြင့်သာ နေထိုင်ရန်၊
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နေထိုင်ပြုမူရေးတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ ပူးပေါင်း
စီစဉ်တင်ဆက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးစကားဝိုင်းဗွီဒီယိုဖိုင်ကိုကြည့်ရှုပြီး ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို မွန်းလွဲ
၁၅း၀၀ နာရီတွင် ရုပ်သိမ်းပါသည်။