၂၀၂၄ ခုနှစ်၊ မေလ(၇)ရက်နေ့တွင် ကျင်းပသော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ (၇) ရက်၊ မွန်းလွဲ (၁၃:၃၀) နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း ဝန်ထမ်းဦးရေ (၁၈၂)ဦး တက်ရောက်ကြပါသည်။

အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် စာဖတ်ခြင်းဖြင့် ဗဟုသုတကြွယ်ဝပြီး လုပ်ငန်းဆောင်ရွက်မှုတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ကြောင်း၊ ရာသီဥတုအပူရှိန်ကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုရန်လိုအပ်ကြောင်းနှင့် အပတ်စဉ်သောကြာနေ့တိုင်း ရုံးတွင်းသန့်ရှင်းရေးကို စုပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ကဏ္ဍအသီးသီးရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်  ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းထုဆန္ဒ ဖော်ထုတ်ပွဲကို မွန်းလွဲ (၁၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။