စိစစ်ရေးမှူး-၂ ရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန

ရုံးအမှတ်(၃၂)၊ နေပြည်တော်

စိစစ်ရေးမှူး-၂ ရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

၁။      စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ နေပြည်တော်၌ ၁၃-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စိစစ်ရေးမှူး-၂(လစာနှုန်းကျပ်၂၁၆၀၀၀ -၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ အောင်မြင်သူများကို ၂၀-၇-၂၀၂၄ ရက်နေ့တွင် ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ရေးဖြေအောင်မြင်သည့် စာရင်းကို ဤဦးစီးဌာန၏ ကြေငြာသင်ပုန်းနှင့် ဤဝန်ကြီးဌာန Website www.mopf.gov.mm တို့တွင် ကြေညာထားရှိပါသည်။

၂။       ကွန်ပျူတာကျွမ်းကျင်မှုနှင့်လူတွေ့စစ်ဆေးမှုခံယူရန် စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂)၊ နေပြည်တော်သို့ မိမိတို့ ဖြေဆိုရမည့်ရက်မတိုင်မီ ၁၈-၇-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍ သတင်းပို့ကြရန်နှင့် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို မိမိနှင့်တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-

          (က)    ဘွဲ့လက်မှတ် သို့မဟုတ် အောင်လက်မှတ်မူရင်း

          (ခ)     တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မူရင်း

          (ဂ)     နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း

၃။      ကွန်ပျူတာကျွမ်းကျင်မှု၊လူတွေ့စစ်ဆေးမှုတို့နှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၃၄၀၆၀၆၆၊ ၀၆၇-၃၄၀၆၀၆၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

၄။      ကွန်ပျူတာကျွမ်းကျင်မှုနှင့် လူတွေ့စစ်ဆေးမည့်အစီအစဉ်နှင့် လူတွေ့စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်းအား ဤနေရာတွင် Click ၍ Download ရယူနိုင်ပါသည်။

 

AttachmentSize
PDF icon Analyst-2 Appendix 1.pdf151.99 KB