၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာနနှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်း၍ အောက်ဖော်ပြပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ပါသည် -
(က) ပြည်သူ့ရေးရာမူဝါဒနှင့် အုပ်ချုပ်မှုပညာဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Public Policy and Administration) (အချိန်ပိုင်းသင်တန်း)
( ခ ) စာရင်းအင်းပညာဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Statistics) (အချိန်ပိုင်းသင်တန်း)
၂။ အဆိုပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -
(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ ဖြစ်ရမည်။
( ခ ) အခြား သင်တန်းတက်ရောက်နေသူ မဖြစ်စေရ။
( ဂ ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။
(ဃ) စာရင်းအင်းပညာဘွဲ့လွန် ဒီပလိုမာသင်တန်းအတွက် သက်ဆိုင်ရာဌာန၏ စာရင်းအင်းယူနစ်တွင် တာဝန်ထမ်းဆောင်နေသူကို ဦးစားပေးမည်။
(င) ဝန်ထမ်းများသည် သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင့်ပြုချက်ပါရှိရမည်။
၃။ ဝင်ခွင့်လျှောက်လွှာပုံစံများကို (၈-၁၀-၂၀၁၈) ရက်နေ့မှစ၍ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်းဌာနတွင် ဝယ်ယူပြီး (၂၉-၁၀-၂၀၁၈) ရက်နေ့ နောက်ဆုံးထား၍ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာနတွင် လျှောက်ထားရမည်။
၄။ သင်တန်းဝင်ခွင့် ရွေးချယ်ရေးစာမေးပွဲ ကျင်းပမည့်အစီအစဉ်ကို အသိပေးကြေညာပါမည်။
၅။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာန၊ အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာန ဒေါက်တာကျော်ဆန်း၊ ညွှန်ကြားရေးမှူး၊ ၀၉၅၁၆၂၅၄၈၊ ဒေါက်တာညီညီမောင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ၀၉၄၃၀၁၂၀၄၇၊ ဒေါ်စိမ့်စိမ့်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူး၊ ၀၉၄၅၀၉၈၄၅၈၃ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။