အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရုံးချုပ်) နေပြည်တော်သို့ မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် ၁၀၀” ရာပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသော စီးပွားရေးပညာရှင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများသည် ၂၉-၁၁-၂၀၂၄ ရက် နံနက် (၁၁:၀၀) နာရီ အချိန်တွင် လာရောက်လေ့လာကြည့်ရှုခဲ့ကြပါသည်။
ဆရာကြီး၊ ဆရာမကြီးများအား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မော်ကွန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စောအေးက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနအကြောင်း သိမှတ်ဖွယ်ရာများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မော်ကွန်းပြခန်းအား လိုက်လံရှင်းလင်းပြသခဲ့ပြီး လာရောက်လေ့လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပါသည်။ လာရောက်လေ့လာကြည့်ရှုသူများကိုယ်စား ဆရာမကြီး ပါမောက္ခ ဒေါ်လှမြင့်မှဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများသည် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး မွန်းလွဲ (၁၂:၁၅) နာရီတွင် ပြန်လည်ထွက်ခွာသွားကြပါသည်။