အသိပညာဖလှယ်ရေးအစီအစဉ် (Knowledge Sharing Programme)

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနတွင် (၂၁ - ၈ - ၂၀၂၄)ရက်နေ့၊ နံနက်    (၁၀:၀၀)တွင်  Knowledge Sharing  အစီအစဉ် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင်   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်း က တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ နေပြည်တော်(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုနွယ် က “မြန်မာနိုင်ငံပြန်တမ်း စာစုစာရင်း၏ စာရှာအထောက်အကူပြု လွယ်ကူစေရန်ပံ့ပိုး ဆောင်ရွက်နိုင်မှုများ” ဟူသောခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင်မြန်မာနိုင်ငံပြန်တမ်း စာစုစာရင်းသည် မြန်မာနိုင်ငံပြန်တမ်းတွင်ပါဝင်သော အမိန့်ကြော်ငြာစာများ၊ ကြေညာချက်များကို ရှာဖွေရာတွင် လွယ်ကူမှုရှိစေပြီး အချိန်ကုန်သက်သာစွာဖြင့် ပြန်တမ်းစာအုပ်အတွင်းပါရှိသည့် အကြောင်း အရာများကိုသိရှိစေရန် ရေးသားပြုစုထားခြင်းဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက် လာသည့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်း များမှ  အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ Knowledge Sharing အစီအစဉ်အား ဤဦးစီး ဌာနမှ ဝန်ထမ်းစုစုပေါင်း(၈၀)ဦး တက်ရောက် ခဲ့ကြပါသည်။

,