စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်များနှင့်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် ဌာန၏အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ(ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် တာဝန်ယူမှု တာဝန်ခံမှုရှိရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများစောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် လိုက်နာရမည့်စည်းကမ်းများကို စနစ်တကျလိုက်နာရန်လိုအပ်ကြောင်း၊  စီမံကိန်းအကောင်အထည်ဖော်မှုကိုဆောင်ရွက်ရာတွင် စနစ်တကျသုံးသပ်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် မြေအသုံးချမှုတွင် လယ်ယာမြေဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးကို လမ်းညွှန်ချက်များအတိုင်း စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကို လမ်းညွှန်မှာကြားပါသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများ၏ တင်ပြ ချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှု များပြုလုပ်ကာ အစည်းအဝေးကို ညနေ (၁၅:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။