အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရုံးချုပ်) နေပြည်တော်သို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ ကောင်စီဥက္ကဋ္ဌ နှင့် ကောင်စီဝင် (၂၅) ဦးတို့သည် ၁၁-၁၂-၂၀၂၄ ရက် မွန်းလွဲ (၁၃:၃၀) နာရီတွင် လာရောက်လေ့လာကြည့်ရှုခဲ့ကြပါသည်။
ဧည့်သည်တော်သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မော်ကွန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စောအေးက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန အကြောင်းသိမှတ်ဖွယ်ရာများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ ပါသည်။ ထို့နောက်မော်ကွန်းပြခန်းအား လိုက်လံရှင်းလင်းပြသခဲ့ပြီး လာရောက်လေ့လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပါသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး မှ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ဧည့်သည်တော်သတင်းမီဒီယာကောင်စီအဖွဲ့သည် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာနတွင် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးပြီး ညနေ (၁၆:၅၀) နာရီတွင် ပြန်လည် ထွက်ခွာသွားကြပါသည်။