ရုံးလုပ်ငန်းစီမံခန့်ခွဲမှုမွမ်းမံသင်တန်းဖွင့်လှစ်ခြင်း

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတွင် (၈-၉-၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင်ရုံးလုပ်ငန်းစီမံခန့်ခွဲမှု မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်               ဒေါက်တာမျိုးမင်းကြည်ဝင်းက  အဖွင့်အမှာစကား ပြောကြားပါသည်။  

သင်တန်းတွင် ဝန်ထမ်းတစ်ဦး သိရှိသင့်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှု၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊  နည်းဥပဒေနှင့် ကျင့်ဝတ်၊ စည်းကမ်းများ သိရှိလိုက်နာနိုင်စေရန်နှင့် ဌာန၏မူဝါဒ၊ လုပ်ငန်းစဉ်များ သိရှိဆောင်ရွက်နိုင်စေရန်၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့ဌာန/ အဖွဲ့အစည်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ကြရာတွင် မှန်ကန်ထိရောက်သောရုံးလုပ်ငန်း ဆောင်ရွက်မှုဖြင့် အထောက်အကူပြုနိုင်ရန်  ရုံး/ဌာနများအနေဖြင့် ရုံးလုပ်ငန်း တာဝန်များကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ကြစေရန်နှင့် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ တစ်ပုံစံတည်း လိုက်နာကျင့်သုံးဆောင်ရွက်ရန်၊ ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ ရုံးလုပ်ငန်းသဘော တရား၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ၊ ရုံးစာရေးသားနည်း၊ စာပေးစာယူနှင့် ဝင်စာ/ ထွက်စာများကို အရေးယူဆောင်ရွက်ခြင်း၊ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် မှတ်တမ်းထိန်းသိမ်းခြင်း၊ ငွေစာရင်းနှင့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများအား သင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။ သင်တန်းကို ၈-၉-၂၀၂၅ ရက်မှ ၁၉-၉-၂၀၂၅ ရက်ထိ ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၅)ဦး တက်ရောက်လျက်ရှိပါသည်။