ကလေးစာပေပွဲတော်(မြစ်ကြီးနား)တွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ နိုင်ငံ့အမွေအနှစ်မော်ကွန်းများ ပါဝင်ပြသ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲတို့ ပူးပေါင်း၍ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သော ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲ အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနအနေဖြင့် လာရောက် ကြည့်ရှုသူတို့ မော်ကွန်းတိုက်မှတစ်ဆင့် နိုင်ငံ၏သမိုင်းကြောင်းအမှန်ကို သိရှိလာပြီး မျိုးချစ်စိတ် ထက်သန်လာစေရန်၊ နိုင်ငံ့အမွေအနှစ်မော်ကွန်းများအား ထိန်းသိမ်းတန်ဖိုးထားတတ်လာစေရန် ရည်ရွယ်၍ ရှားပါးမော်ကွန်းများဖြစ်ကြသည့် စစ်သူကြီးမဟာဗန္ဓုလ ၏ ပေစာ၊ မင်းတုန်းမင်း၏ တစ်ကြောင်းပေစာ၊ ရန္တပိုစာချုပ်၊ အောင်ဆန်းအက်တလီစာချုပ်၊ နုအက်တလီ စာချုပ်၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေးဥပဒေများ၊ ရှေးမြန်မာဘုရင်များ၏ တံဆိပ်တော်များ၊ ရတနာပုံခေတ် ဗြိတိသျှမော်ကွန်းများ၊ အလံပြကွက်များ၊ ထင်ရှားသည့် ကြော်ငြာချက်များ စသည့်တို့ကို  ခင်းကျင်းပြသထားလျက်ရှိပါသည်။

ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲ(မြစ်ကြီးနား)ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့မှ ၂၂ ရက်နေ့အထိ (တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ) နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ 

 

,