အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများသုံးသပ်ရေးလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများသုံးသပ်ရေးလုပ်ငန်းအဖွဲ့၏

(၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နေပြည်တော်

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃ ရက်

            အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့အောက်ရှိ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၁) ဖွဲ့ဖြစ်သော အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ သုံးသပ်ရေးလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(Virtual Meeting)ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ်(၃၂) ၌ ၃-၉-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

           လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့က ဦးဆောင် ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း MSME လုပ်ငန်း (၂) ခုကို မြေပြင်ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့ရာ မိမိတို့အဖွဲ့မှ ကိုယ်စားလှယ် (၁)ဦး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့လုပ်ငန်းအဖွဲ့ အနေဖြင့် ဗီယက်နမ်နိုင်ငံရှိ MSME ကဏ္ဍတွင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို လေ့လာသုံးသပ်ချက် အစီရင်ခံစာအားတင်ပြရန်ရှိသဖြင့် အစီရင်ခံစာ (မူကြမ်း) ပြုစုထားပြီး အဖွဲ့ဝင်များထံ ကြိုတင်ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် ၎င်းအစီရင်ခံစာ (မူကြမ်း)အပေါ် အဖွဲ့ဝင်များအနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည်များကို ဆွေးနွေး ပေးစေလိုကြောင်း၊  ထို့ပြင် မိမိတို့အဖွဲ့၏ အစီရင်ခံစာများကို အကြီးအကဲများက ဖတ်ရှုပြီး မိန့်မှတ် ချက်များလည်း ပြုလျက်ရှိရာ အစီရင်ခံစာများကို တင်ပြရန်လျာထားသည့် အစီအစဉ်အတိုင်း အချိန်မီတင်ပြနိုင်ရေး၊ အချက်အလက်များ ပြည့်စုံစေရေးတို့အတွက် အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်း ပံ့ပိုးကူညီပေးရန်နှင့် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ လုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူးကိုယ်စား စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လုပ်ငန်းအဖွဲ့၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အဖွဲ့၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။ ဆက်လက်၍ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက အဖွဲ့မှပြုစုသည့် အစီရင်ခံစာ (မူကြမ်း)အပေါ် အကြံပြုချက်များ၊ ဖြည့်စွက်ရန်အချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။

         ထို့နောက် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဗီယက်နမ်နိုင်ငံရှိ MSME ကဏ္ဍတွင် ဆောင်ရွက်နေသည့် အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို လေ့လာသုံးသပ်ချက် အစီရင်ခံစာ(မူကြမ်း)အား အဖွဲ့ဝင် များ ဆွေးနွေးခဲ့သည့်အတိုင်း လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်ပြီးပါက အဖွဲ့ဝင်များထံသို့ ထပ်မံ ပေးပို့ အတည်ပြုမည် ဖြစ်ကြောင်းနှင့် အတည်ပြုပြီးပါက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့သို့ တင်ပြနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ အဖွဲ့ဝင် (၇) ဦး တက်ရောက်ခဲ့ပါသည်။