“Training on Statistical Methodologies in Rice Production Sector for Promoting Statistical Literacy” သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၅-၈-၂၀၂၂ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်မှ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၁၅-၈-၂၀၂၂ ရက်နေ့မှ ၂၆-၈-၂၀၂၂ ရက်နေ့အထိ ရုံးအမှတ် (၃၂)၊ ဗဟိုစာရင်းအင်းအဖွဲ့၏ သင်တန်းခန်းမ၌ ၁၀ ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းနည်းပြဖြစ်သူ ဆရာမဒေါ်ဝင်းဝင်းနု က သင်ကြားပို့ချမည်ဖြစ်ပါသည်။
သင်တန်းဖွင့်လှစ်ရသည့် အဓိကရည်ရွယ်ချက်များမှာ-
မြန်မာနိုင်ငံ၏ ဆန်ထုတ်လုပ်မှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှု စာရင်းအင်းဆိုင်ရာ နည်းပညာကောင်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
သင်ကြားပို့ချမည့် ဘာသာရပ်ဆိုင်ရာများမှာ-
ဆန်၊ စပါးထုတ်လုပ်မှုအပေါ် သက်ရောက်စေသော အချက်များအားပို့ချခြင်း၊ Statistical Methods များကို အသုံးပြုပြီး သုတေသနပြုလုပ်ရမည့်နမူနာများနှင့် သုတေသနဧရိယာတို့ကို ဆုံးဖြတ်နိုင်ရန် လေ့ကျင့်ပေးခြင်း၊ ဆန်၊ စပါးထုတ်လုပ်မှုအပေါ် သက်ရောက်စေသော အချက်များ အပေါ်စိစစ်တွက်ချက်ရန် လိုအပ်သည့်အချက်အလက်များ ရယူစုစည်းသည့် နည်းလမ်းများကို ပို့ချခြင်း၊ အချက်အလက်များကို Statistical Software များဖြစ်သည့် SPSS Software နှင့် R Studio Software အသုံးပြု၍ စိစစ်တွက်ချက် တတ်စေရန်တို့ကို သင်ကြားပို့ချမည် ဖြစ်ပါသည်။
အဆိုပါသင်တန်းသို့ ဗဟိုစာရင်းအင်းအဖွဲ့ ရုံးချုပ်မှ (၁၂) ဦး၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ (၁၁) ဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ (၅)ဦး စုစုပေါင်း အရာထမ်း ၊ အမှုထမ်း (၂၈) ဦး တက်ရောက်ပါသည်။