၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ လူငယ်အသိပညာဖလှယ်ပွဲ (၆/၂၀၂၄)

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူငယ်အသိပညာဖလှယ်ပွဲ ၆/၂၀၂၄ ကို “ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်နှင့် အမျိုးသားအကျိုးစီးပွား" ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့၊ မွန်းလွဲ ၁၅း၀၀ နာရီတွင် ဤဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ဦးစီးကော်မတီဝင်များနှင့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်း (၄၅)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

လူငယ်အသိပညာဖလှယ်ပွဲတွင် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်နှင့်အမျိုးသားအကျိုးစီးပွားခေါင်းစဉ်နှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ- Globalization ဆိုသည်မှာကမ္ဘာကြီးကို ဖြန့်ကျက်လွမ်းခြုံထားသော ဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကွန်ယက်မှတစ်ဆင့် ဒေသတွင်းဆိုင်ရာစီးပွားရေးများ၊ လူမှုအဖွဲ့အစည်းများနှင့် ယဉ်ကျေးမှုများ ပေါင်းစည်းထားသည့်ဖြစ်စဉ်ဖြစ်ကြောင်း၊ ကမ္ဘာကြီးသည် ရွာကြီးဖြစ်လာသည်နှင့်အမျှ ဖွံဖြိုးတိုးတက်မှုသည် လျှင်မြန်စွာတိုးတက်ပြောင်းလဲလာပြီး  နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးတို့မှာ အားပြိုင်နေကြကြောင်း၊ အမျိုးသားအကျိုးစီးပွားဆိုရာတွင် နိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုစသည့် အကျိုးစီးပွား အားလုံးပါဝင်ပါကြောင်း၊ နိုင်ငံသားများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်များကြောင့် သက်ရောက် မှုများမှ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်မှာ အရေးကြီးကြောင်းစသဖြင့် ပါဝင်ဆွေးနွေးသူများက အသိပညာဖလှယ်ခဲ့ကြပြီး တက်ရောက်လာသည့် လူငယ်ဝန်ထမ်းများက ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကာ လူငယ်အသိပညာဖလှယ်ပွဲကို ၁၆း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။