စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
၂၀၂၃ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့၊ မွန်းလွဲ (၁၄:၃၀) နာရီအချိန်တွင် ဌာန၏ အစည်းအဝေးခန်းမ၌ Hybrid ပုစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများကိုလုပ်ဆောင်ရာတွင် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဆောင်ရွက်ရန်၊
ပုံသေပိုင်ပစ္စည်းများအား Assets Register ရေးသွင်းရန်၊ ငွေသုံးစွဲမှုများကို စနစ်တကျဆောင်ရွက်ရန် ၊ ငွေလုံးငွေရင်းအသုံးစရိတ်များအား
ပြီးစီးမှုအလိုက် စာရင်းဇယားများကို ပြန်လည်သုံးသပ်ထားရန်တို့နှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြား ပါသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး
လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှုများ ပြုလုပ်ကာ အစည်းအဝေးကို ညနေ (၁၅:၄၅) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။