ဒုတိယညွှန်ကြားရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ (၁၃) ရက်၊ နံနက် (၈း၃၀) နာရီအချိန်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမို၍အရည်အချင်းပြည့်ဝစွာ စွမ်းဆောင်နိုင်စေရန် ၊ ဌာန၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုနိုင်စေရန်၊ အစီရင်ခံစာရေးသားရာ၌ ပိုမိုစနစ်ကျလာစေရန်၊ ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများတွင် စွမ်းရည်မြင့်မားစွာ စွမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း လမ်းညွှန်မှာကြားပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၁) ဦး တက်ရောက်ပြီး လုပ်ငန်းခွင်မပျက်လေ့ကျင့်မှု အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။