စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီငါးမျိုးစိတ်စိုက်ထည့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၉

    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီငါးမျိုးစိတ်စိုက်ထည့်ပွဲကို ယနေ့၊ နံနက် (၀၇:၀၀) နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပခဲ့ရာ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဝန်ထမ်းများ စုစုပေါင်း (၃၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

    ငါးမျိုးစိတ်စိုက်ထည့်ပွဲကို အစီအစဉ်အတိုင်း ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်း လင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက မင်္ဂလာကန်အတွင်းသို့ ကြီးထွားနှုန်း မြန်ဆန်သည့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၃၂,၀၀၀) ကျော် စိုက်ထည့်ပေးခဲ့ကြပါသည်။

        နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံ ဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေးတို့အတွက် ယခုကဲ့သို့ ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်းဖြစ်ပြီး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှုတိုးတက်မြင့်မား လာစေရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးရန် ရည်ရွယ်စိုက်ထည့်ပေးခြင်းဖြစ်ပါသည်။

သက်ရှိလူသားများနှင့် သဘာဝပတ်ဝန်းကျင်တို့အကြား အချိုးညီစွာတည်ရှိနေသော ဂေဟ စနစ် ရေရှည်တည်တံ့နိုင်စေရေးအတွက် နေပြည်တော်၊ မင်္ဂလာကန်တွင် ကန်၏ရေမြေသဘာဝနှင့် လိုက်လျောညီသော ငါးများရှင်သန်တိုးပွားလာမှုကို မြှင့်တင်ပေးရန် ရည်ရွယ်၍ မင်္ဂလာကန်အတွင်း ရှိ ငါးမျိုးစိတ်များ မပြုန်းတီးစေရန် ထိန်းသိမ်းခြင်းနှင့် လိုအပ်နေသောငါးမျိုးစိတ်များ ထပ်မံစိုက် ထည့်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်