COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ၊ နိုင်ငံခြားငွေစာရင်းအမှတ် EDC-600012 မှ COVID-19 ကာကွယ်ဆေးဝယ်ယူရန် ငွေပေးချေထားမှုအခြေအနေ
(၈-၁၀-၂၀၂၁ ရက်နေ့)
၁။ COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ၊ နိုင်ငံခြားငွေစာရင်းအမှတ် EDC-600012 ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ၆-၁-၂၀၂၁ ရက်နေ့တွင် ဖွင့်လှစ်၍ နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၂၅၀ သန်းကို ကနဦးမတည်ထည့်ဝင်ထားပါသည်။ ၈-၁၀-၂၀၂၁ ရက်နေ့အထိ အများပြည်သူမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃.၁၆၂ သန်း ရှိပြီဖြစ်ပါသည်။
၂။ ၈-၁၀-၂၀၂၁ ရက်နေ့အထိ နိုင်ငံတော်မှ ထည့်ဝင်ငွေနှင့် အများပြည်သူမှ လှူဒါန်းငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅၃.၁၆၂ သန်း ရှိသည့်အနက် COVID-19 ကာကွယ်ဆေးဝယ်ယူရန် ငွေပေးချေထားမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(အမေရိကန်ဒေါ်လာ
သန်းပေါင်း)
၁။ |
အိန္ဒိယနိုင်ငံ Serum Institute of India (SII) မှ Covidshield အမှတ်တံဆိပ်ကာကွယ်ဆေး ၃၀ သန်း အတွက် ကြိုတင်ငွေ |
|
၇၅.၀၀၀ |
၂။ |
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinovac အမှတ်တံဆိပ် ကာကွယ်ဆေး ၂ သန်းအတွက် ပေးချေငွေ |
|
၁၄.၀၀၀ |
၃။ |
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး ၂ သန်းအတွက် ပေးချေငွေ |
|
၁၄.၀၀၀ |
၄။ |
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး ၂၄ သန်း ဝယ်ယူသည့်အနက် ကာကွယ် ဆေး ၂၀ သန်းအတွက် ပေးချေငွေ |
|
၁၃၃.၀၀၀ |
|
စုစုပေါင်း |
|
၂၃၆.၀၀၀ |
Attachment | Size |
---|---|
covid fund.pdf | 105.54 KB |