မော်ကွန်းမှတ်တမ်းများအား မိုက်ကရိုဖလင်ရိုက်ကူးရေးနည်းပညာသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်ပွဲကျင်းပခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီး ဌာန မော်ကွန်းမှတ်တမ်းများအား မိုက်ကရိုဖလင်ရိုက်ကူးရေး နည်းပညာသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ ရည်မှန်းချက်နှင့်အညီ အဓိက လုပ်ငန်း တာဝန်များကို ပေါက်မြောက်အောင်မြင်စေရေးအတွက် ဝန်ထမ်းများမှ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်း လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်ရည်သန်၍ ဝန်ထမ်းများကို ဘာသာရပ်ဆိုင်ရာ သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသည် ရေရှည် ထိန်းသိမ်းသင့်သည် မော်ကွန်း မှတ်တမ်းများကို မိုက်ကရိုဖလင်ပုံစံဖြင့် ထိန်းသိမ်းခြင်းနည်းပညာကို စာတွေ့၊လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း၊ လက်တွေ့သင်ယူရန် သင်ထောက်ကူပစ္စည်းများအနေဖြင့် စရိတ်မြင့်မားပါကြောင်း၊ သင်တန်းသားများအနေဖြင့် အကျိုးရှိထိရောက်အောင် သင်ယူစေလိုကြောင်း၊ သင်တန်းပြီးဆုံးပါက သင်တန်းသားများအနေဖြင့် လက်တွေ့ လုပ်ငန်းနယ်ပယ် တွင် တိကျမှန်ကန်စွာ ဆောင်ရွက်သွားနိုင်မည့် အသိပညာဗဟုသုတများကို ရရှိစေ မည်ဖြစ်ကြောင်း ပြောကြားပါသည်။ သင်တန်းတွင် သင်တန်းသား သင်တန်းသူ (၁၀)ဦးကို ဒီဇင်ဘာလ (၁၁)ရက် မှ (၁၅)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ပါ သည်။