ရေးဖြေစာမေးပွဲဖြေဆိုရန်အကြောင်းကြားခြင်း

၁။      စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ လစ်လပ်လျက်ရှိသောဒုတိယဦးစီးမှူး(မှတ်တမ်းပြုပြင်ရေးမှူး)(၇)နေရာ၊အငယ်တန်း အင်ဂျင်နီယာ-၂ (၃) နေရာ၊ မော်ကွန်းထိန်းလက်ထောက်- ၃ (၁၀) နေရာနှင့် အငယ်တန်းစာရေး (၁၀) နေရာတို့ အတွက် လျှောက်လွှာခေါ်ယူခဲ့ပြီး ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံအရ ယာယီရွှေ့ဆိုင်းခဲ့ပါသည်။

၂။       ယခုအခါ အဆိုပါ ရာထူးနေရာများ ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲကို ၁၆-၁၀-၂၀၂၁ (စနေနေ့) နံနက်(၁၀:၀၀ နာရီ မှ ၁၂:၀၀ နာရီ)တွင် (မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ) ဘာသာရပ်များကိုနေပြည်တော်ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲတို့၌စစ်ဆေးသွားမည်ဖြစ်ပါသဖြင့် စာမေးပွဲ ဖြေဆိုသူများအနေဖြင့် မိမိတို့ဖြေဆိုလိုသည့် စာစစ်ဌာနအလိုက် (၁-၁၀-၂၀၂၁)နေ့ နောက်ဆုံး ထား၍ နေပြည်တော်ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲများသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် အကြောင်း ကြားအပ်ပါသည်။

၃။      ဖြေဆိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား(မူရင်း)၊ လျှောက်လွှာနှင့် အတူ ပူးတွဲ တင်ပြထားသည့် စာရွက်စာတမ်းများ ယူဆောင်လာရမည်။

၄။      စာမေးပွဲဖြေဆိုခွင့် ကဒ်ပြားများကို ၁၃-၁၀-၂၀၂၁ မှ ၁၅-၁၀-၂၀၂၁ နေ့ရက်အထိ ရုံးချိန် အတွင်း မိမိဖြေဆိုမည့်စာစစ်ဌာနများတွင် မှတ်ပုံတင်(မူရင်း)ပြ၍ လာရောက်ထုတ်ယူနိုင်ပါသည်။

၅။      စာမေးပွဲ ခုံအမှတ်စာရင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန Website နှင့် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ Website ဖြစ်သည့် www.nam.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး သိရှိလိုသည့်အချက်များကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီး ဌာန(နေပြည်တော်) (ဖုန်း၊ ၀၆၇-၃၄၁၈၃၈၆) နှင့် ရန်ကုန်ရုံးခွဲ(ဖုန်း၊၀၁-၃၇၀၇၇၈)သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

AttachmentSize
PDF icon NAD (21-9-2021).pdf294.53 KB