စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲ ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့လိုက်ပါပြီး ၁၉-၁-၂၀၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်စီမံကိန်းဦးစီး ရုံးသို့ သွားရောက်စစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက်၍ တာဝန် ထမ်းဆောင် နေသည့်ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း အကောင် အထည်ဖော်ရာ၌ သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်များမှ မိမိတို့နှင့် သက်ဆိုင်သည့် အပိုင်းများ အလိုက် စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများပြည့်စုံမှန်ကန်ရေးကို အလေးပေး ဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိက ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များတွင် စနစ်တကျ ထည့်သွင်း နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာ ငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လုပ်ငန်းစီမံကိန်းများကို စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာ ဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
 
သတင်းစဉ်