စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဥတ္တရခရိုင်စီမံကိန်းဦးစီးရုံးနှင့် ဥတ္တရသီရိမြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက် စစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့လိုက်ပါပြီး ၂၉-၁၂-၂၀၂၃ ရက်၊ နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥတ္တရခရိုင်စီမံကိန်းဦးစီးရုံးနှင့် ဥတ္တရ သီရိမြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက်စစ်ဆေးသည်။
ပထမဦးစွာ ဒုတိယဝန်ကြီးသည် ဥတ္တရခရိုင်စီမံကိန်းဦးစီးရုံးသို့ သွားရောက်၍ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို စစ်ဆေးပါသည်။ 
ထို့နောက် ဥတ္တရသီရိမြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊  အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ရာ၌ သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်များမှ မိမိတို့နှင့် သက်ဆိုင်သည့် အပိုင်း များအလိုက် စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများပြည့်စုံ မှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ခရိုင်၊ မြို့နယ်များ၏ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိကဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များ တွင် စနစ်တကျ ထည့်သွင်းနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်ဆင့် ကြီးကြပ် ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် လုပ်ငန်း/ လုပ်ငန်းစီမံကိန်းများအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာ ဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်