ဦးစီးဌာနဖွဲ့စည်းမှု

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင် စီးပွားရေးနှင့် ကျွမ်းကျင်မှု နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲနိုင်ရေးအတွက် အောက် ဖော်ပြပါ ဌာနခွဲ(၈)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

(၁) အာရှနှင့်အမေရိကဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

အာရှနှင့်အမေရိကဌာနခွဲသည် အာရှနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန် နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မွန်ဂိုလီးယား နိုင်ငံနှင့် ကူဝိတ်နိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံအစရှိသည့် အာရှအလယ်ပိုင်းနိုင်ငံများ၊ အရှေ့တောင် အာရှနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံ၊ ဘရာဇီးနိုင်ငံတို့နှင့် နိုင်ငံ အချင်း ချင်း စီးပွားရေးနှင့်ကျွမ်းကျင်မှုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊ နိုင်ငံအချင်းချင်းကမ်းလှမ်း လာသော နိုင်ငံခြားအကူအညီအထောက်အပံ့နှင့်ချေးငွေများရရှိရေးတို့နှင့်စပ်လျဉ်း၍ ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ပေးသည့် ဌာနခွဲဖြစ်ပြီး အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ပါသည် -

  • ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ နိုင်ငံခြားအကူအညီ (Grant) ဖြင့် ဆောင်ရွက်လိုသည့် စီမံကိန်းများအား သက်ဆိုင် ရာ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများသို့ တရားဝင် အဆိုပြုနိုင်ရေးဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ကမ်းလှမ်းလာပါက နှစ်နိုင်ငံ Exchange of Note ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ လက်မှတ်ရေးထိုးရန်ဆောင်ရွက်ခြင်း၊
  • ထို့အတူ ပြည်ပနိုင်ငံ/အဖွဲ့အစည်းများမှ ချေးငွေ(Loan)ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများ နှင့်စပ်လျဉ်း၍  ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါက သက်ဆိုင်ရာနိုင်ငံ/ အဖွဲ့ အစည်းများသို့ နိုင်ငံဆိုင်ရာသံရုံးများမှတစ်ဆင့် တရားဝင် အဆိုပြုလွှာများ ပေးပို့နိုင် ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
  • ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများမှ အဆိုပြုလိုသည့် Expert များ၊ Volunteer များအား သက်ဆိုင်ရာ နိုင်ငံများသို့ အဆိုပြု ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
  • နိုင်ငံနှင့် အဖွဲ့အစည်းများမှ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ကမ်းလှမ်း သည့် Seminar များ၊ အလုပ်ရုံဆွေးနွေးပွဲ (Workshop) များကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ ပါဝင်တက်ရောက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်ရန် ကမ်းလှမ်းလာသည့် Seminar များ၊ အလုပ်ရုံ ဆွေးနွေးပွဲ (Workshop) များအား လက်ခံကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ပေးခြင်း၊
  • မြန်မာနိုင်ငံအခြေစိုက် ဖွံ့ဖြိုးမှု အကူအညီများဆောင်ရွက်ပေးနေသည့် နိုင်ငံခြားသား ဝန်ထမ်းများအတွက် ပြည်ဝင်ခွင့်ဗီဇာ ရရှိရေး၊ပြည်တွင်းနေထိုင်ခွင့်နှင့် အကြိမ်ကြိမ် ပြည် ပြန်ဝင်ခွင့်ဗီဇာသက်တမ်းတိုးမြှင့်ရရှိရေး၊ ရုံးသုံးမော်တော်ယာဉ်များ၊ ရုံးလုပ်ငန်းသုံး ပစ္စည်းများ၊ ကိုယ်ပိုင်သုံးပစ္စည်းများနှင့် ကိုယ်ပိုင်သုံးမော်တော်ယာဉ်တို့အား အကောက် ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ရရှိရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(၂) ဥရောပ၊ သြစတြေးလျ နှင့် အာဖရိကဌာနခွဲ ၏ လုပ်ငန်းတာဝန်များ

ဥရောပ၊ သြစတြေးလျ နှင့် အာဖရိကဌာနခွဲ သည် ဥရောပနိုင်ငံ ၄၉ နိုင်ငံ၊ အာဖရိကနိုင်ငံ ၅၈ နိုင်ငံ ၊ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့နှင့် နိုင်ငံအချင်းချင်း စီးပွားရေးနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊  နိုင်ငံအချင်းချင်း ကမ်းလှမ်းလာသော နိုင်ငံခြား အကူ အညီ အထောက်အပံ့နှင့် ချေးငွေများ ရရှိရေးတို့နှင့်စပ်လျဉ်း၍ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက် ပေး သည့် ဌာနခွဲဖြစ်ပြီး အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ပါသည် -

  • ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ နိုင်ငံခြားအကူအညီ (Grant) ဖြင့် ဆောင်ရွက်လိုသည့် စီမံကိန်းများအား သက် ဆိုင်ရာ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများသို့ တရားဝင်အဆိုပြုနိုင်ရေး ဆောင်ရွက်ပေးခြင်း နှင့် ပြန်လည် ကမ်းလှမ်းလာပါက နှစ်နိုင်ငံ Exchange of Note ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ လက်မှတ်ရေးထိုးရန် ဆောင်ရွက်ပေးခြင်း၊
  • ထို့အတူ ပြည်ပနိုင်ငံ/အဖွဲ့အစည်းများမှ ချေးငွေ(Loan)ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများ အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသည့် ချေးငွေစီမံကိန်းများအား သက်ဆိုင် ရာ နိုင်ငံ/ အဖွဲ့အစည်းများသို့ နိုင်ငံဆိုင်ရာသံရုံးများမှ တစ်ဆင့် တရားဝင် အဆိုပြုလွှာ များ ပေးပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
  • ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများမှ အဆိုပြုလိုသည့် Expert များ၊ Volunteer များအား သက်ဆိုင်ရာ နိုင်ငံများသို့ အဆိုပြု ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
  • နိုင်ငံနှင့် အဖွဲ့အစည်းများမှ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ကမ်းလှမ်း သည့် Seminar များ၊ အလုပ်ရုံဆွေးနွေးပွဲ (Workshop) များကို သက်ဆိုင်ရာ ဝန်ကြီး ဌာန များမှ ပါ၀င် တက်ရောက်နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းနှင့် မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်ရန် ကမ်းလှမ်းလာသည့် Seminar များ၊ အလုပ်ရုံ ဆွေးနွေးပွဲ(Workshop)များအား လက်ခံ ကျင်းပနိုင်ရေးအတွက်  သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးခြင်း၊
  • မြန်မာနိုင်ငံ အခြေစိုက်ဖွံ့ဖြိုးမှု အကူအညီများ ဆောင်ရွက်ပေးနေသည့် နိုင်ငံခြားသား ဝန်ထမ်းများအတွက် ပြည်ဝင်ခွင့်ဗီဇာ(ဂျီအိုစီ)  ရရှိရေး၊ပြည်တွင်းနေထိုင်ခွင့်နှင့် အကြိမ် ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာ(ဂျီအိုစီ) သက်တမ်းတိုးမြှင့် ရရှိရေး၊ ရုံးသုံးမော်တော်ယာဉ်များ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ကိုယ်ပိုင်သုံးပစ္စည်းများနှင့် ကိုယ်ပိုင်သုံးမော်တော်ယာဉ်တို့ အား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်  တင်သွင်းခွင့်ရရှိရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊

(၃) ကုလသမဂ္ဂ နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဌာနခွဲ၏လုပ်ငန်းတာဝန်များ

  • ယူအင်ဒီပီ၊ ယူနီဆက်၊ ယူအင်အက်ဖ်ပီအေ၊ ယူအင်အိုဒီစီ နှင့် အက်ဖ်အေအို စသည့် ကုလ သမဂ္ဂအဖွဲ့အစည်းများမှ နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန/ ဗဟိုအဖွဲ့အစည်းများ အကြား ညှိနှိုင်းဆက်သွယ် ဆောင်ရွက်ပေးခြင်း၊
  • မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများတွင် ကာလရှည်/ကာလတို တာဝန်ထမ်း ဆောင်ရန်လာရောက်မည့်ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုဝင်များအတွက် ပြည်တွင်း နေထိုင်ခွင့်(ဂျီအိုစီ)နှင့် အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာ(ဂျီအိုစီ) သက်တမ်းတိုးမြှင့် ရရှိ ရေး ဆောင်ရွက်ပေးခြင်း၊
  • ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ စီမံချက်ဒေသများသို့ သွား ရောက်သည့်  ခရီးစဉ်များအတွက် ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်ပေးခြင်း၊
  • ကုလသမဂ္ဂအဖွဲ့အစည်းများမှ မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလို သည့် သက်ဆိုင်ရာဘာသာရပ်အလိုက် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ နှင့် ဆွေးနွေးပွဲများကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊
  • ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပြည်ပနိုင်ငံများတွင် ပြုလုပ်သည့် အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့များ တက် ရောက် နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခြင်း၊
  • မြန်မာနိုင်ငံမှ အချို့သော ကုလသမဂ္ဂအဖွဲ့အစည်းများသို့ ထည့်ဝင်ကြေးများ အချိန်မီ ပေး သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်း၊
  • အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဌာနခွဲသည် အာရှဖွံ့ဖြိုးရေးဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်သိပ္ပံ၊ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ အဖွဲ့၊ Technical Assistance Office for LaO PDR and Myanmar(TAOLAM)၊ မဲခေါင်သိပ္ပံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့နှင့် ဂျီအမ် အက်စ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အကူအညီ၊ အထောက် အပံ့၊ ချေးငွေ ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊
  • ကုလသမဂ္ဂအဖွဲ့များနှင့်  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ နိုင်ငံခြားသား ဝန်ထမ်း များအတွက် ပြည်ဝင်ခွင့်ဗီဇာ(ဂျီအိုစီ)ရရှိရေး၊ ပြည်တွင်းနေထိုင်ခွင့်နှင့် အကြိမ်ကြိမ် ပြည် ပြန်ဝင်ခွင့်ဗီဇာ(ဂျီအိုစီ)သက်တမ်းတိုးမြှင့်ရရှိရေး၊ ရုံးသုံးမော်တော်ယာဉ်များ၊ ရုံးလုပ်ငန်း သုံးပစ္စည်းများ၊ ကိုယ်ပိုင်သုံးပစ္စည်းများကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့်  တင်သွင်းခွင့် ရရှိရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်သုံးပစ္စည်းများအား အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပြန်လည် တင်ပို့ခွင့် ရရှိရေး ဆောင်ရွက်ပေးခြင်း၊

(၄)  အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများဆိုင်ရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှု ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊
  • အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း
  • ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ် များကို တာဝန်ယူ ဆောင်ရွက်ခြင်း၊
  • အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အခြေပြ စာချုပ်နှင့် သဘောတူစာချုပ်များအတွက် ဘာသာရပ်ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် (Tariff Reduction Schedule -TRS) ဆိုင် ရာကိစ္စရပ်များ ညှိနှိုင်းရေးဆွဲခြင်း၊ အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများအကြား ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ ဖြေလျော့မှုများကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ‌၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဘာသာ ရပ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ၊ ဆွေးနွေး ပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်ခြင်း၊
  • အာဆီယံနှင့်အပေါင်း ၃ နိုင်ငံများ၊ ရုရှား၊ ဥရောပသမဂ္ဂ၊ အရှေ့အာရှနိုင်ငံများ၊အာဆီယံ မဲခေါင်မြစ်ဝှမ်းဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နှင့် မဲခေါင်-ဂျပန်စီးပွားရေး ပူးပေါင်း ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ဂျပန်ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဂျပန်-အာဆီယံ ပေါင်းစည်းရေး ရန်ပုံငွေတို့နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

(၅) အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ်အောက်ရှိ ကုန်စည် ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ခြင်း
  • အာဆီယံ စီးပွားရေး အသိုက်အဝန်းပုံစံပါ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်း များအကောင်အထည်ဖော်မှုကို သုံးသပ်ခြင်း၊ အာဆီယံ နှင့် စီအယ်လ်အမ်ဗွီ အစည်းအဝေးများတွင် ဆွေးနွေးပြောကြားမည့် အကြောင်းအရာများပြုစုခြင်း၊
  • ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ် တို့တွင် ဖွင့်လှစ်သည့် Certificate on ASEAN Economic Study (CAES) လက်မှတ်ရသင်တန်းများ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်း ခြင်းနှင့် ဘာသာရပ် ဆိုင်ရာ ဆွေးနွေးပို့ချခြင်း၊ အေအီးစီ၂၀၂၅ လုပ်ငန်း ကော်မတီတို့၏ လုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်မှုတို့ကို စုစည်းပေါင်းစပ် ညှိနှိုင်းခြင်း၊
  • အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးကောင်စီ၊ အာဆီယံစီးပွားရေးကောင်စီတို့နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

(၆)    ဥပဒေရေးရာနှင့် နိုင်ငံခြားပညာသင်ဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • ပြည်ပနိုင်ငံများ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အကြား ချုပ်ဆိုမည့် သဘောတူစာချုပ်၊ နားလည်မှုစာချွန်လွှာ၊ စာချွန်လွှာနှင့် စာလွှာ(မူကြမ်း) များ အပေါ် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် တည်ဆဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ခြင်း၊
  • နှစ်နိုင်ငံချုပ်ဆိုမည့် သဘောတူစာချုပ်၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အကြား ချုပ်ဆိုမည့် သဘောတူစာချုပ်၊ နားလည်မှုစာချွန်လွှာ၊ စာချွန်လွှာ၊ ပစ္စည်း ဝယ်ယူရေး၊ တည် ဆောက်ရေး၊ ပို့ဆောင်ရေး၊ အတိုင်ပင်ခံ ငှားရမ်းရေးစာချုပ်၊ ဖက်စပ် စာချုပ်၊ BOT စာချုပ်(မူကြမ်း)များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ  သဘောထား မှတ်ချက် တောင်းခံလာပါက သဘောထားပြန်ကြားခြင်း၊
  • ပြည်ပအကူအညီ အထောက်အပံ့နှင့် ကျွမ်းကျင်မှု နည်းပညာအကူအညီ ရရှိရေး စာချုပ် များ ချုပ်ဆိုနိုင်ရန်အတွက် ပြည်ပဌာန၊ အဖွဲ့အစည်း၊ သံရုံးများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုး ချုပ်ဆိုရန် ခွင့်ပြု ချက်ရရှိရေးအတွက် အထက်အဖွဲ့အစည်းများသို့ တင်ပြခြင်းနှင့် စာချုပ် လက်မှတ် ရေးထိုးခြင်း၊
  • အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံအချင်းချင်းနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ အထောက်အပံ့ဖြင့် ကမ်းလှမ်းလာသည့် ပညာသင်ဆုများကို စုစည်းစိစစ်၍  နိုင်ငံခြား ပညာတော်သင် စိစစ် ရွေးချယ်စေလွှတ်ရေးကော်မတီသို့ တင်ပြခြင်း၊
  • နိုင်ငံခြားပညာတော်သင်စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီမှ ခွဲ‌ဝေသတ်မှတ်ပေး သော ပညာသင်ဆုများအား သက်ဆိုင်ရာ၀န်ကြီးဌာန/ အဖွဲ့အစည်းအသီးသီးသို့ အကြောင်း ကြားခြင်းနှင့် ပညာသင်များ၏ အမည်စာရင်း၊ အဆိုပြုလွှာများကို သက်ဆိုင်ရာ နိုင်ငံ သံရုံး/ အဖွဲ့ အစည်းများသို့ ပေးပို့ခြင်း၊
  • အဆိုပြု ပညာသင်များအား သက်ဆိုင်ရာနိုင်ငံသံရုံး/ အဖွဲ့အစည်းများမှ လက်ခံကြောင်း အကြောင်းကြားစာကို သက်ဆိုင်ရာ ၀န်ကြီးဌာန/ အဖွဲ့ အစည်းများသို့ အကြောင်းကြား ခြင်း၊
  • ပညာသင်ဆုကမ်းလှမ်းသည့် နိုင်ငံခြားအဖွဲ့အစည်းနှင့် သံရုံးများ၏ အဆိုပြုချက်အရ ၄င်းတို့ ၏ ပညာသင်ဆုဆိုင်ရာ Information Session များ စီစဉ် ပြုလုပ်ပေးခြင်း။

(၇) ဖွံ့ဖြိုးမှုစီမံခန့်ခွဲရေးနှင့် ပူပေါင်းဆောင်ရွက်ရေး ဌာနခွဲ၏ လုပ်ငန်းတာဝန်များ

  • ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီအတွင်းရေးမှူး၏ ရုံးလုပ်ငန်းအဖွဲ့ တာဝန်များ ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့(DACU) အစည်း အဝေးများ ကျင်းပ ပြုလုပ် ပေးခြင်း၊
  • ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့(DACU)နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ အဖွဲ့ (Coordination Partners Group-CPG) တွေ့ဆုံ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း၊
  • ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့(DACU)လုပ်ငန်းအဆင့် အစည်းအဝေးများ ကျင်းပ ပြုလုပ် ပေးခြင်းနှင့်အမှာစာ ကောက်နှုတ်ချက်များတင်ပြပေးခြင်း၊
  • ပြည်ထောင်စု၀န်ကြီးဌာနများ၊ ဗဟိုအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးများမှ နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် ချေးငွေ ရယူရေးအတွက် တင်ပြလာသော အမှာစာများ အား DACU၏ လုပ်ငန်း အဆင့် အစည်းအ​ဝေးတွင် ဆွေးနွေးရန် ဆောင်ရွက် ပေးခြင်း၊
  • ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ(SWGs)များ အတွက် သက်ဆိုင်သည့်ဝန်ကြီးဌာနများ နှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များ(SWGs) လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် အခက်အခဲ(implementation Constraints)များကို ညှိနှိုင်း ဆောင်ရွက်ခြင်း၊
  • ပြည်ပအကူအညီများ၏ အသေးစိတ်အချက်အလက်များကို AIMS တွင် စုစည်းခြင်း၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များ၏ Profile များကို ပြုစု ဆောင်ရွက်ခြင်း
  • International Aid Transparency Initiative(IATI)အဖွဲ့၏ အဖွဲ့ဝင်အဖြစ် လုပ်ငန်း တာဝန် များကို ဆောင်ရွက်ခြင်း
  • မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်သော လုပ်ငန်းအစီအစဥ်များကို အားလုံး ပူးပေါင်း၍ထိရောက်မှုရှိစေရေး အတွက် တိုင်းတာနိုင်သော ညွှန်းကိန်း လုပ်ငန်း စဉ် (Monitoring Framework of the Global Partnership for Effective Cooperation) နိုင်ငံဆိုင်ရာ အစီရင်ခံစာများ ပြုစုတင်ပြခြင်း၊
  • ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များထံမှ ဆက်သွယ်ရန် အချက်အလက်များ၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်း စီမံချက်များနှင့် အခြားလိုအပ်သော အချက်အလက်များကို စုစည်းခြင်း

(၈) စီမံရေးရာနှင့် ငွေစာရင်းဌာနခွဲ၏လုပ်ငန်းတာဝန်များမှာ

  • ဝန်ထမ်းရေးရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီသို့ တင်ပြသည့် အမှာစာပြုစု တင်ပြခြင်း၊ဌာနတွင် ပြုလုပ်မည့် အစည်အဝေး များအတွက် ပြင်ဆင်ပေးခြင်း၊
  • ဤဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ လစဉ်၊ (၆)လပတ်နှင့် နှစ်ပတ်လည် အစီရင်ခံစာများပြုစု၍ တင်ပြခြင်း၊ ဌာနရှိ ဝန်ထမ်းမှတ်တမ်းများ ထိန်းသိမ်းခြင်း၊ ဝန်ထမ်းခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဌာနပြောင်းရွှေ့ခြင်း၊ အရေးယူခြင်း၊ ဝန်ထမ်း များ၏ခွင့်နှင့် ပင်စင်ကိစ္စရပ်များနှင့် ပြည်ပတွင်အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများတက်ရောက်မည့်ဝန်ထမ်းများအတွက် ခရီးသွားလာမိန့် ထုတ်ပေးခြင်း တို့ကို ဆောင်ရွက် ခြင်း၊
  • ရုံးသုံးစာရေးကိရိယာများအား ဝယ်ယူခြင်းနှင့် ဌာနခွဲများမှ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ စာရင်းပြုစုထားရှိခြင်း၊
  • လစဉ်အမှန်ရငွေ/ သုံးငွေစာရင်းများ ပြုစုပေးပို့ခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များသို့ ထည့်ဝင်ငွေပေးသွင်းရေးကိစ္စ၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု စာရင်း(ငွေလုံး ငွေရင်း) ရေးဆွဲခြင်း၊ သာမန်အသုံးစရိတ် လက်ရှိနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ‌ စာရင်းနှင့် လာမည့်နှစ် ရသုံး မှန်း‌ခြေငွေစာရင်း ရေးဆွဲခြင်း၊

ဝန်ထမ်းဖွဲ့စည်းပုံ

နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာနတွင် လက်ရှိ ဝန်ထမ်းအင်အား(၁၅၇)ဦးရှိပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးချုပ်၊ ညွှန်ကြားရေးမှူး (၅)ဦး၊ ဒုတိယ ညွှန်ကြားရေးမှူး(၁၁) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(၁၁)ဦး၊ ဦးစီးအရာရှိ(၆၆)ဦး စုစု ပေါင်း အရာထမ်း (၉၅) ဦး နှင့် အမှုထမ်းဝန်ထမ်း( ၆၂)ဦး တာဝန် ထမ်းဆောင်လျက်ရှိပါသည်။