မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဉီးဆန်းမြင့်မှ မြန်မာနေထိုင်မှု အခြေ အနေစစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်း အဝေးသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပါသည်။
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ၊ ပဲခူးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)