Master of Professional Accounting နှင့် Seminar on China’s Foreign Aid Projects of Complete Sets of Equipment တက်ရောက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းခြင်း

နေပြည်တော်၊ ဒီဇင်ဘာ ၃ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Master of Professional Accounting နှင့် Seminar on China’s Foreign Aid Projects of Complete Sets of Equipment တက်ရောက်ခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံ ရှင်းလင်းခြင်းအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ နေ့လယ် ၁ နာရီခွဲတွင်  ရုံးအမှတ်(၃၄)၊ အပေါ်ထပ် အစည်းအဝေးခန်းမကြီး၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစီအစဉ်သို့ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း(၄၃)ဦး တက်ရောက်ခဲ့ကြပါသည်။

ငွေတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်ဇာလဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shanghai National Accounting Institute (SNAI) တွင် Ministry of Commerce (MOFCOM) အထောက်အပံ့ဖြင့် Master of Professional Accounting သို့ တက်ရောက်၍ မဟာဘွဲ့ရရှိခဲ့ ပြီး “How does the adoption of IPSAS in  government accounting support  strengthening the PFM system in Myanmar”  ဖြင့် ပြုစုခဲ့သည့် သုတေသနစာတမ်းအားလည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ၈-၅-၂၀၂၄ ရက်နေ့မှ ၂၁-၅-၂၀၂၄ ရက်နေ့အထိ ကျင်းပခဲ့သည့် Seminar on China’s Foreign Aid Projects of Complete Sets of Equipment သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြခဲ့သည့်အပေါ် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်း၊ ဗဟုသုတဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများအပြင် ညွှန်ကြားရေးမှူးချုပ်မှ သင်ကြားခဲ့သည့် ဘာသာရပ်များအပေါ် သိရှိလိုသည်များကို မေးမြန်းခြင်း၊ စစ်တမ်းကောက်ယူရာတွင် SPSS Software အား အသုံးပြုပြီး သုတေသနစာတမ်းပြုလုပ်သကဲ့သို့ ဌာနတွင်ဆောင်ရွက်နေသည့် လုပ်ငန်းများတွင်လည်း အထောက်အကူဖြစ်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် စေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

,