South Asia Sub Regional Economic Cooperation (SASEC) Senior Official Meeting (SOM) for 2024 ကျင်းပခြင်း

နေပြည်တော်၊ နိုဝင်ဘာ ၈

၂၀၂၄ ခုနှစ်အတွက် South Asia Sub Regional Economic Cooperation (SASEC) Senior Official Meeting (SOM) အား ဘူတန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank) တို့ပူးပေါင်း၍ ၈−၁၁−၂၀၂၄ ရက် မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ မှ ညနေ ၆:၃၀ နာရိအထိ ဘူတန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ရာ ၎င်းအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် (၁၁) ဦးက Online ဖြင့် တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် Transport Working Group ၊ Trade Facilitation Working Group နှင့် Energy Working Group တို့နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား လည်းကောင်း၊ Economic Corridor Development နှင့်စပ်လျဉ်း၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းအား လည်းကောင်း၊ Digital Payment စနစ်နှင့် Digital Public Infrastructure ဆောင်ရွက်နေမှုအခြေအနေအား လည်းကောင်း၊ Action Plan for SASEC Initiative (APSI) (2024-2026) တွင် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီမံကိန်းများကို လည်းကောင်း ဆွေးနွေးခဲ့ကြပါ သည်။

အဆိုပါအစည်းအဝေးသို့ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ SASEC လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးအား ညနေ ၆:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။