ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ငွေတိုက်ဦးစီးဌာန
စိစစ်ရေးမှူး-၂ ရာထူး ရေးဖြေစာမေးပွဲ ဖြေဆိုရန် အကြောင်းကြားခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စိစစ်ရေးမှူး-၂ (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၅၀) နေရာအတွက် လျှောက်လွှာ ခေါ်ယူခဲ့ပြီးဖြစ်ရာ ရေးဖြေစာမေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် လာရောက်ဖြေဆိုနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။
စာမေးပွဲ ကျင်းပမည့်နေ့ |
အချိန် |
ဘာသာရပ် |
ကျင်းပမည့်နေရာ |
၂၆-၆-၂၀၂၁ (စနေနေ့) |
နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ |
မေးခွန်းလွှာ(၁) မြန်မာစာနှင့် အင်္ဂလိပ်စာ |
အထက (၅) နေပြည်တော် |
၂၆-၆-၂၀၂၁ (စနေနေ့) |
မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိ |
မေးခွန်းလွှာ(၂) အထွေထွေဗဟုသုတ |
အထက (၅) နေပြည်တော် |
၂။ ယူဆောင်လာရမည့်စာရွက်စာတမ်းများ
(က) နိုင်ငံသားစိစစ်ရေးကဒ်ပြား (မူရင်း)
(ခ) လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြထားသော စာရွက်စာတမ်း (မူရင်း) များ
၃။ စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားနှင့် အထက်အပိုဒ်(၂)ပါ အထောက်အထားစာရွက်စာတမ်း (မူရင်း) များကို ယူဆောင်လာရန် ပျက်ကွက်ပါက စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။
၄။ စာမေးပွဲဖြေဆိုသူများသည် အထက (၅) ၊ နေပြည်တော်သို့ ၂၆-၆-၂၀၂၁ ရက်နေ့ (စနေနေ့) နံနက် ၉ နာရီထက် နောက်မကျစေဘဲ သတင်းပို့ရမည်ဖြစ်ပါသည်။
၅။ စာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်များအား ငွေတိုက်ဦးစီးဌာန၊ ရုံးအမှတ်(၃၄)၊ နေပြည်တော် တွင် ၁၄-၆-၂၀၂၁ ရက်နေ့ (တနင်္လာနေ့) ၌ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ငွေတိုက်ဦးစီးဌာန၏ ကြော်ငြာသင်ပုန်းနှင့် ဤဝန်ကြီးဌာန၏ Website www.mopf.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှု နိုင်ပြီး တယ်လီဖုန်းအမှတ် ၀၆၇-၃၄၁၀၁၆၂ သို့လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။
၆။ စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို ၂၃-၆-၂၀၂၁ မှ ၂၅-၆-၂၀၂၁ ရက်နေ့ထိ ရုံးချိန်အတွင်း ဖြေဆိုခွင့်ရရှိသူ၏ မှတ်ပုံတင်(မူရင်း) ပြ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
Attachment | Size |
---|---|
exam.pdf | 250.24 KB |