ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်စာမေးပွဲကျင်းပရေးဆိုင်ရာ ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် “ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်းလိုင်စင် စာမေးပွဲကျင်းပရေးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကို ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဝင်းက ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ကိုယ်စားလှယ်လုပ်ငန်းလိုင်စင် စာမေးပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ရင်းနှီးမြှုပ်နှံမှုအတွက် အကြံဉာဏ်ပေးသည့်ကုမ္ပဏီနှင့် စာရင်းဝင်အကြိုဈေးကွက်တွင် ကုမ္ပဏီများမှတ်ပုံတင်ရန်အကြံပေးအဖြစ် ဆောင်ရွက်ခွင့်ရရှိထားသော မှတ်ပုံတင်အကြံပေးကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း(၃၇)ဦးတက်ရောက်ခဲ့ကြပါသည်။