ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (ဒါဘာ) ကျင်းပ

 ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝင်စာ/ထွက်စာများကို စနစ်တကျမှတ်ပုံတင်ကြရန်၊ လုံခြုံမှုအဆင့်အတန်းရှိ ရုံးစာများကို ရုံးလုပ်ငန်းလက်စွဲပါအတိုင်း ထားရှိဆောင်ရွက်ကြရန်၊ ရုံးပရဝုဏ်ကို သန့်ရှင်းစေရေး ဆောင်ရွက်သွားရန်၊ ဌာနတွင်းသင်တန်းများကိုလည်း ဖွင့်လှစ်သွားရန်နှင့် ဝန်ထမ်းများအား ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် ပြောကြားခဲ့ကာ အခမ်းအနားကို မွန်းလွဲ ၂:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။