မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးတာဝန်ခံမှ အာမခံလုပ်ငန်းအသိပညာပြန့်ပွားရေး ဟောပြောပွဲကို (၂၃-၁-၂၀၂၀) ရက်နေ့ နေ့လည်(၂:၀၀) နာရီတွင် မြို့နယ်ဆက်သွယ်ရေး တာဝန်ခံရုံးခန်း၌ ကျင်းပခဲ့ရာ အရာထမ်း/ဝန်ထမ်း စုစုပေါင်း (၁၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်တာဝန်ခံမှ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်လျက်ရှိသော အာမခံအမျိုးအစားများအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။