အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ( ၃ / ၂၀၁၇ ) အစည်းအဝေးကို ၁၉-၅-၂၀၁၇ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ရုံးအမှတ် ( ၂၆ ) နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တွေ့ကြုံရသည့်စိန်ခေါ်မှုများကို ဆွေးနွေး ခဲ့ပါသည်။