စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်)
၁။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကျင်းပမည့် (၂၂) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို "က" အက္ခရာမှ အစဉ်လိုက် "အ" အက္ခရာထိ အက္ခရာ (၃၃) လုံးနှင့် "ကက" အက္ခရာမှ အစဉ်လိုက် "ကဒ" အက္ခရာထိ အက္ခရာ (၁၈) လုံး၊စုစုပေါင်း အက္ခရာ (၅၁) လုံးရောင်းချခဲ့ပါသည်။
၂။ (၂၂) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာမှာ (၅၁) လုံးဖြစ်၍၊ ထီစာအုပ် (၄၁၇၂၇၁၈) အုပ်ဖြစ်ပြီး၊ ထီလက်မှတ် စောင်ရေမှာ (၄၅၈၉၉၈၉၈) စောင်ဖြစ်ပါသည်။
၃။ ထီလက်မှတ်စာအုပ် ရောင်းရငွေမှာ ကျပ်သန်းပေါင်း (၂၀၈၆၃.၅၉၀) ဖြစ်သဖြင့် ၆၀% ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်းပေါင်း (၁၂၅၁၈.၁၅၄) ဖြစ်ပါသည်။
၄။ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အထူးဆုကြီးစနစ်
(၁) ကျပ်သိန်းတစ်သောင်း = (၁) ဆု
(၂) ကျပ်သိန်းငါးထောင် = (၂) ဆု
(၃) ကျပ်သိန်းသုံးထောင် = (၃) ဆု
(၄) ကျပ်သိန်းတစ်ထောင် = (၅) ဆု
(ခ) ဆုတစ်ဆုချင်းစနစ်
(၁) ကျပ်သိန်းငါးရာ = (၁၄) ဆု
(၂) ကျပ်သိန်းသုံးရာ = (၁၄) ဆု
(၃) ကျပ်သိန်းတစ်ရာ = (၁၅) ဆု
(၄) ကျပ်သိန်းငါးဆယ် = (၁၅) ဆု
(၅) ကျပ်သိန်းသုံးဆယ် = (၂၃) ဆု
(၆) ကျပ်ဆယ်သိန်း = (၂၈) ဆု
(ဂ) ဝေဝေဆာဆာပဒေသာဆုမဲစနစ်
(၁) ကျပ် သုံးသိန်း = (၁၂၀) ဆု
(၂) ကျပ် နှစ်သိန်း = (၁၂၀၀) ဆု
(၃) ကျပ် တစ်သိန်း = (၁၄၀၀၀) ဆု
(၄) ကျပ် ငါးသောင်း = (၁၂၀၀၀၀) ဆု
စုစုပေါင်း = (၁၃၅၄၄၀) ဆု
၅။ (၂၂) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁၁၂၀၁၉) ရက်နေ့ (အင်္ဂါနေ့)၊ နံနက် (၈) နာရီ အချိန်တွင် အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
အောင်ဘာလေသိန်းဆုဌာနခွဲ