နေပြည်တော်၊ အောက်တိုဘာလ ၁၈
ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ၁၇-၁၀-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၃:၃၀ နာရီတွင် Adviser Michael Omnen က အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးတင်ထွေး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။