စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာနမှ အထူးကုန်စည်ဖြစ်သည့် (အရက်၊ စီးကရက်၊ ဝိုင်)
အမျိုးမျိုးအပေါ်တွင် ကပ်နှိပ်သည့်အမှတ်တံဆိပ်များကို အသိပေးကြေညာခြင်း
- အထူးကုန်စည်များဖြစ်သည့် အရက်၊ စီးကရက်၊ ဝိုင် အမျိုးမျိုးတို့အား သတ်မှတ်ထားသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီး ရောင်းချရန်သတ်မှတ်ထားပါသည်။
- အမှတ်တံဆိပ်ကပ်နှိပ်ခြင်းမရှိသည့် အထူးကုန်စည်များ၊ ကုန်စည်အတုများ၊ အမှတ်တံဆိပ်အတုများပြုလုပ်၍ အထူးကုန်စည်များအပေါ်တွင် ကပ်နှိပ်ရောင်းချကြောင်းသိရှိပါက ပြည်တွင်းအခွန်များဦးစီးဌာနသို့ တိုင်ကြား နိုင်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
- ပြည်တွင်းအခွန်များဦးစီးဌာနသည် အထူးကုန်စည်များအပေါ်ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ်များကို အထူး ကုန်စည်ထုတ်လုပ်သူထံသို့ QR Code ပါဝင်သောအမှတ်တံဆိပ်အပြင် QR Code (မပါ) သော အမှတ်တံဆိပ် (၂) မျိုးစလုံးကို ထုတ်ပေးထားပါသည်။
- သို့ဖြစ်ပါ၍ ဈေးကွက်အတွင်းရောက်ရှိနေသော အထူးကုန်စည်များအပေါ်တွင် ကပ်နှိပ်ထားသော အခွန်အမှတ် တံဆိပ်များ အတု / အစစ် ခွဲခြားစိစစ်နိုင်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အထူးကုန်စည်ထုတ်လုပ်သူ များထံသို့ ထုတ်ပေးထားသော အမှတ်တံဆိပ်များအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။
ပြည်တွင်းထုတ် အရက် (ဝီစကီ) ကုန်စည်ပေါ်တွင်ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ်
စဉ် | QR Code မပါသည့် အခွန်အမှတ်တံဆိပ် | QR Code ပါသည့် အခွန်အမှတ်တံဆိပ် |
၁ |
ပြည်တွင်းထုတ် အရက် (ဂျင်၊ ဘရန်ဒီ၊ အရက်ဖြူ၊ အရက်ဆီ) ကုန်စည်ပေါ်တွင်ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ်
စဉ် | QR Code မပါသည့် အခွန်အမှတ်တံဆိပ် | QR Code ပါသည့် အခွန်အမှတ်တံဆိပ် |
၂ |
ပြည်တွင်းထုတ် ဝိုင် နှင့် စီးကရက် ကုန်စည်ပေါ်တွင်ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ်
စဉ် | ပြည်တွင်းထုတ် ဝိုင်ကုန်စည်ပေါ်တွင် ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ် | ပြည်တွင်းထုတ် စီးကရက်ကုန်စည်ပေါ်တွင် ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ် |
၃ |