စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မတ် လ ၁၂ ရက်)
၁။ ၂၀၂၁ ခုနှစ်၊ မတ် လ (၁၅) ရက်နေ့တွင် ကျင်းပမည့် (၂၅) ကြိမ်မြောက် ၁၀၀၀/- ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် မူလထီလက်မှတ်များကို “က”အက္ခရာမှ အစဉ်လိုက် “ကစ’’ထိ စုစုပေါင်း အက္ခရာ(၃၉) လုံး၊ ထီစာအုပ် ( ၃၁၉၀၉၀၂ ) အုပ် ရောင်းချခဲ့ပါသည်။ ထိုသို့ရောင်းချခဲ့ရာတွင် ထီစာအုပ်(၃၀၉၉၉၆၅) အုပ် ရောင်းချခဲ့ရပြီး ထီစာအုပ် (၉၀၉၃၇) အုပ်မှာ ရောင်းမကုန်ထီအဖြစ် ကျန်ရှိနေခဲ့ပါ သည်။
၂။ ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၃၀၉၉၉.၆၅၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၁၈၅၉၉.၇၉၀) ဖြစ်ပါသည်။
၃။ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-
(က) | အထူးဆုကြီးစနစ် | |||
(၁) | ကျပ်သိန်းတစ်သောင်းငါးထောင် | = | (၁) ဆု | |
(၂) | ကျပ်သိန်းတစ်သောင်း | = | (၁) ဆု | |
(၃) | ကျပ်သိန်းငါးထောင် | = | (၁) ဆု | |
(၄) | ကျပ်သိန်းနှစ်ထောင် | = | (၁) ဆု | |
(၅) | ကျပ်သိန်းတစ်ထောင် | = | (၁) ဆု | |
(ခ) | ဆုတစ်ဆုချင်းစနစ် | |||
(၁) | ကျပ်သိန်းငါးရာ | = | (၇) ဆု | |
(၂) | ကျပ်သိန်းနှစ်ရာ | = | (၈) ဆု | |
(၃) | ကျပ်သိန်းတစ်ရာ | = | (၉) ဆု | |
(၄) | ကျပ်သိန်းငါးဆယ် | = | (၈) ဆု | |
(၅) | ကျပ်သိန်းနှစ်ဆယ် | = | (၉) ဆု | |
(၆) | ကျပ်ဆယ်သိန်း | = | (၁၁) ဆု | |
(ဂ) | ဝေဝေဆာဆာပဒေသာဆုမဲစနစ် | |||
(၁) | ကျပ် သုံးသိန်း | = | (၁၀၀) ဆု | |
(၂) | ကျပ် နှစ်သိန်း | = | (၁၀၀၀) ဆု | |
(၃) | ကျပ် တစ်သိန်း | = | (၁၉၀၀၀) ဆု | |
(၄) | ကျပ် ငါးသောင်း | = | (၂၅၀၀၀၀) ဆု |
၄။ ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀သိန်း (၄)ဆု နှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃သိန်း (၂၀)ဆု၊ ကျပ် ၂သိန်း (၂၀၀)ဆု၊ ကျပ် ၁သိန်း (၂၀၀၀)ဆု စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၅။ (၂၅) ကြိမ်မြောက် ၁၀၀၀/- ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁၅.၃.၂၀၂၁) ရက်နေ့ (တနင်္လာနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
Attachment | Size |
---|---|
25th_ABL_Announcement(12032021).pdf | 60.88 KB |