စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်ရီရီမြင့် ဦးဆောင်၍ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီး ဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန နှင့် ငွေတိုက်ဦးစီးဌာနတို့မှ PFM Academy အကောင် အထည်ဖော်ရေးကော်မတီဝင်များနှင့် ACCA Consulting Firm ၊ ကမ္ဘာ့ဘဏ် ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၊ မွန်းလွဲ (၃: ၀၀ ) အချိန်တွင် နေပြည်တော်၊ Hilton Hotel ၌ Video Conference Meeting ကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် PFM Academy သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ ACCA Consulting Firm မှ နောက်ဆုံးအချောသတ် ပေးပို့လာသည့် Training Material နှင့် Training Methodology တို့နှင့် ပတ်သက်၍ လိုအပ်သည်များကို ထပ်မံဆွေးနွေး သုံးသပ်နိုင်ရန် ကျင်းပပြု လုပ်ခဲ့ကြပါသည်။