ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး သည် Grand Yangon Public Company Limited မှ Managing Director ဖြစ်သူ ဦးခင်မောင်တင့်နှင့်အဖွဲ့အား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။