
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထားအိစံသည် ဟောင်ကောင်၌ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ရင်းနှီးမြှုပ်နှံသူနှင့် အစိုးရအကြား ကြားဝင်ဖျန်ဖြေခြင်းနှင့်စပ်လျဉ်းသည့် သင်တန်းသို့ တက်ရောက် လျက်ရှိပါသည်။