
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနှင့် မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ရပ်ဝန်းနှင့်လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွှန့် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။