A-K Construction & Industry Co., Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်နှင့် စားသောက် ဖြေဖျော်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ ၇၈ လမ်းနှင့် ၃၇ လမ်းဒေါင့်၊ အမှတ် (၆၅၂) ရှိ A-K Construction & Industry Co.,Ltd သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့တွင် သွားရောက်စစ်ဆေးပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။